Header Ads

Header ADS

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မန္တလေးတိုင်းဒေသကြီး) တတိယအကြိမ်ညီလာခံကျင်းပ


မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မန္တလေးတိုင်းဒေသကြီး) တတိယအကြိမ် အသင်းသားစုံညီ ညီလာခံကို ဇူလိုင်လ ၁၂ ရက်၊ နံနက် ၁၀ နာရီက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဥယျာဉ်တန်းရပ်ကွက်ရှိ ရတနာပျိုးခင်း စာကြည့်တိုက်တွင် ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ အသင်းဝင် ၅၈ဦးထဲမှ ၄၄ဦးတက်ရောက်ခဲ့သည်။

တတိယအကြိမ် ညီလာခံကို အစီအစဉ်နှစ်ရပ်နဲ့ကျင်းပခဲ့တာဖြစ်ပြီး ညီလာခံပထမပိုင်းမှာ ၂၀၁၅-၂၀၁၈ အလုပ်အမှုဆောင်အဖွဲ့က ပြီးခဲ့တဲ့သုံးနှစ်တာဆောင်ရွက်ချက်များနဲ့ ဘဏ္ဍာရေးရှင်းတမ်းများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် အစီအစဉ်ဒုတိယပိုင်းကိုဆက်လက်ကျင်းပရာ စာရေးဆရာသိုက်ထွန်းသက်ဦးဆောင်သည့် ရွေးချယ်တင်မြှောက်ရေးကော်မရှင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၁၈-၂၀၂၁ တိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်တင်မြှောက်လိုက်သည်။


No comments

Powered by Blogger.