Header Ads

Header ADS

ပြိုင်ကားမောင်းသူ သန်းထက်အောင် ထောင်ဒဏ် ၉နှစ် ချမှတ်ခံရ


ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ ၈ရက် ညက ပိုက်ကျုံးတောင်ဘက် ၂၆လမ်းနဲ့ ၇၈လမ်းထောင့်မှာ မီးနီရပ်စောင့်နေတဲ့ဆိုင်ကယ်ကို အားပြင်းစွာဝင်တိုက်တဲ့၊ ပြိုင်ကားမောင်းသူ သန်းထက်အောင်ကို ဒီကနေ့ မွန်းလွဲ ၁နာရီက အောင်မြေသာစံ တရားရုံးမှာ အမိန့်ချမှတ်လိုက်ပါတယ်။ ပုဒ်မ၃၀၄(က)နဲ့ (၇)နှစ်၊ ပုဒ်မ၂၇၉နဲ့ (၂)နှစ် သီးခြားစီ ကျခံစေဖို့ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ အဆိုပါယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူနဲ့ နောက်မှလိုက်ပါသူ ဆယ်ကျော်သက်ညီအကိုနှစ်ဦး သေဆုံးခဲ့ရတာပါ။

No comments

Powered by Blogger.