Header Ads

Header ADS

ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်နိုင်တင်း)ကို ကမ္ဘာ့ကူးစက်ကပ်ရောအဖြစ်‌ကြေညာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်နိုင်တင်း) ဖြစ်ပွားမှုကို အချိန်နဲ့တပြေးညီ အကဲဖြတ်နေပြီး၊ ပြန့်နှံမှု၊ ပြင်းထန်မှု၊ စိုးရိမ်ဖွယ်ရာ အရေးမယူမှုတွေကြောင့် ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်နေရကြောင်း၊ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်နိုင်တင်း)ရောဂါဖြစ်ပွားမှုကို ကမ္ဘာ့ကူးစက်ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus)က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ 

ကူးစက်ကပ်ရောဂါဆိုတာ ပေါ့ပေါ့ဆဆ၊ ဂရုမစိုက်ဘဲနေရမယ့် စကားလုံးသက်သက်မျှမဟုတ်ဘူးလို့ သူကပြောပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းတရုတ်နိုင်ငံပြင်ပမှာ ကိုဗစ်နိုင်တင်း ဖြစ်ပွားမှုအရေအတွက် ၁၃ ဆအထိ တိုးလာခဲ့ပြီး ဘေးဒဏ်သင့်နိုင်ငံ သုံးဆတိုးလာတယ်လို့ဆိုတယ်။ အခုအချိန်မှာ နိုင်ငံပေါင်း ၁၁၄နိုင်ငံမှာ လူပေါင်း ၁၁၈၀၀၀ကျော် ရောဂါဖြစ်ပွားနေပြီး ၄၂၉၀ဦး သေးဆုံးသွားခဲ့ပါတယ်။ လာမည့်ရက်တွေနဲ့ ရက်သတ္တပတ်တွေမှာ ရောဂါဖြစ်ပွားမှု အရေအတွက်၊ သေဆုံးမှုအရေအတွက်နဲ့ ဘေးသင့်နိုင်ငံအရေအတွက် တိုးလာဖို့ရှိတယ်လို ကမ္ဘာ့ကျန်းမာရေးဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။


Source : WHO

No comments

Powered by Blogger.