Header Ads

Header ADS

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် လူနာများ သက်သာကောင်းမွန်လျက်ရှိ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ မတ်လ ၂၈ရက် ည၈နာရီ သတင်းထုတ်ပြန်ချက်အရ ယမန်နေ့များက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါ(COVID19)ဓာတ်ခွဲအတည်ပြုလူနာ ၈ဉီးအနက် ချင်း ပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၄) ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ စုစုပေါင်း (၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပြီး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲအတည်ပြုလူနာ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ ညနေ ၆နာရီက ဓာတ်ခွဲစစ်ဆေးခဲ့သည် လူနာ ၄၄ဉီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက် ရောဂါ(COVID19)ပိုးမတွေ့ရှိရကြောင်း သိရသည်။ 

No comments

Powered by Blogger.