Header Ads

Header ADS

တိုက်ဖွန်း ဟာဂီးဘီးစ် ဂျပန်ပင်မကျွန်းကြီးဆီ ဦးတည်ချဉ်းကပ်



ဒီနှစ်အတွက် အင်အားအပြင်းဆုံးမုန်တိုင်းတွေထဲက တစ်ခု ဖြစ်တဲ့ ဟာဂီးဘီးစ် (Hagibis) ဟာ စနေနေ့မှာ ဂျပန်ပင်မကျွန်းပေါ် ဝင်ရောက်မယ်လို့ ခန့်မှန်းရပါတယ်။

တိုက်ဖွန်းဟာဂီးဘီးစ် ဟာ တိုကိုင်း(Tokai) ဒေသ နဲ့ တိုကျိုပါဝင်တဲ့ ကန်တို (Kanto) ဒေသမှာ စံချိန်တင်အောင် မိုးရွာလိမ့်မယ်ဆိုတာနဲ့ လေပြင်းတွေတိုက်မယ်လို့ ခန့်မှန်းထားပါတယ်။

ကြီးမားပြီး အင်အားပြင်းလှတဲ့အဲဒီမုန်တိုင်းဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး မြောက်ဘက်ကို ဦးတည်ကာ ဂျပန်ပင်မကျွန်းကြီးဖြစ်တဲ့ ဟွန်ရှူးကျွန်းရဲ့ တောင်ဘက်ကို ရွေ့လျားနေတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။
စနေနေ့ညနေပိုင်းနဲ့ ညပိုင်းအကြား တိုကိုင်းနဲ့ ကန်တိုဒေသ တွေဆီ ချဉ်းကပ်လာတဲ့အခါ ကြီးမားလှတဲ့ မုန်တိုင်းဧရိယာ နဲ့ အင်မတန်ပြင်းထန်တဲ့အားကို ဆက်လက်ဖြစ်ပွားစေလိမ့်မယ်လို့ မိုးလေဝသအေဂျင်စီက ဆိုပါတယ်။

မုန်တိုင်းကြောင့် ဟွန်ရှူးကျွန်းနေရာအများအပြားမှာ မိုးအကြီးအကျယ် ရွာနိုင်ပြီး အထူးသဖြင့် တိုကိုင်းနဲ့ ကန်တို ဒေသတွေမှာ မိုးရေချိန် စံချိန်တင်နိုင်ဖွယ်ရာရှိပါတယ်။ မိုးလေဝသအရာရှိတွေက သူတို့တတွေဟာ သတိပေးချက်တွေ ကို ထုတ်ပြန်ခြေရှိတယ်လို့ ဆိုပါတယ်။


လေပြင်းတွေဟာ ဂျပန်အနောက်ဘက်ပိုင်းကနေ မြောက်ဘက်ပိုင်းအထိ နေရာအနှံ့မှာ အကြီးအကျယ်တိုက်ခတ် မယ်လို့ တွက်ဆရပါတယ်။ တိုကိုင်းနဲ့ ကန်တိုဒေသတွေမှာ စံချိန် တင်လောက်တဲ့ ပြင်းအားတွေနဲ့တိုက်နိုင်တာကြောင့် သတိထားကြဖို့ ပြောနေပါတယ်။ လေတိုက်နှုန်းဟာ တိုကိုင်းနဲ့ ကန်တိုး ခိုးရှင်း(Kanto-Koshin) ဒေသတွေမှာ တစ်နာရီ ၁၆၂ ကီလိုမီတာအထိ ရှိနိုင်ပြီး ဒေသနှစ်ခုစလုံးမှာ အမြင့်ဆုံး တစ်နာရီ ၂၁၆ ကီလိုမီတာအထိ တိုက်ခတ်နိုင်ခြေရှိနိုင်ပါတယ်။

နောက်ဆုံးထုတ်ပြန်တဲ့ မိုးလေဝသဆိုင်ရာ အသိပေး ကြေညာချက်တွေနဲ့ တိမ်းရှောင်ခိုလှုံရေးအကြံပေးချက်တွေကို မပြတ်သတိထားကြဖို့ နဲ့ အခြေအနေတွေ ဆိုးဆိုးရွားရွားဖြစ်မလာခင်မှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြဖို့ မိုးလေဝသအရာရှိတွေက ပြည်သူတွေကို တိုက်တွန်းနေပါတယ်။

Source : NHK

No comments

Powered by Blogger.