Header Ads

Header ADS

တိုက်ဖွန်း ဟာဂီးဘီးစ်ကြောင့် လူနှစ်ဦး သေဆုံးပြီးသုံးဦး ပျောက်ဆုံးနေ


(စနေနေ့ ည၁၀နာရီ၊ မြန်မာစံတော်ချိန် ၇နာရီခွဲထုတ်ပြန်ချက်)

တိုကျိုအရှေ့ဘက် ရှိချီဘားခရိုင် ကားတစ်စီးပေါ်မှာ လူတစ်ယောက်သေဆုံးတယ်။ စနေနေ့မနက်ခင်းမှာပြင်းထန်တဲ့လေပြင်းတိုက်ခတ်မှုက သူ့ကားကို လွှင့်ပြစ်လိုက်သလိုဖြစ်တာကြောင့်လို့ ရဲကပြောပါတယ်။ အရေးပေါ်အာဏာပိုင်‌ေတွက ဒီအဖြစ်အပျက်ဟာ ယိကိဟာမားမြို့မှာ ဖြစ်ပွားတာလို့‌ေပြာတယ်။ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးကို ဆေးရုံခေါ်သွားပေမယ့် မကြာမီသေဆုံးသွားတယ်လို့ ကြေငြာခဲ့တယ်။

တူမီအိုကာမြို့၊ ဂူးမာ့ခရိုင်ရှိ အိမ် ၂ လုံး မြေပြိုမှုနဲ့အတူ ပြိုကျသွားတယ်။ လူတစ်ယောက်ကိုရှာတွေ့ပေမဲ့ သူသေသွားတယ်။ ကယ်ဆယ်ရေးသမားတွေက နောက်ထပ် ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေဖို့ ကြိုးစားနေကြတယ်။ ရှီဇုအိုကားခရိုင်မှာလည်း အမျိုးသားတစ်ဦး ပျောက်ဆုံးနေတယ်။ ခရိုင် ၂၇ က ကလေးငယ်တွေအပါအဝင် အနည်းဆုံး ၇၇ ဦး ဒဏ်ရာရရှိထားတယ်လို့ဆိုပါတယ်။

Source: NHK

No comments

Powered by Blogger.