Header Ads

Header ADS

ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဦးသန့် မှတ်တမ်းအကျဉ်း


ကျွန်ုပ်၏ ကုလသမဂ္ဂအပေါ်ထားရှိသော ခံစားချက်အမြင်များကို နားလည်ရန် ပထမဦးစွာ ကျွန်ုပ်၏ ကိုးကွယ်ရာ ဘာသာရေးနှင့် ယဥ်ကျေးမှုနောက်ခံကို နားလည်မှဖြစ်မည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ကျွန်ုပ်သည် သည်းမခံတတ်ခြင်းမှလွဲ၍ အရာရာကို သည်းခံတတ်ရန်သင်ကြားခဲ့ရသည်။ ကျွန်ုပ်သည် နားလည်သည်းခံတတ်ရန် စိတ်အားထက်သန်သူတစ်ဦးဖြစ်ရုံသာမက ကိုယ်ကျင့်တရားကောင်းမှုကိုလည်း မြတ်နိုးသူတစ်ဦးဖြစ်သည်။ ထို့အပြင် မိမိကိုယ်ကိုနှိမ့်ချခြင်း၊ သဘောထားကြီးခြင်း၊ ကရုဏာပွားခြင်းကို ယုံကြည်အားပေးသူဖြစ်ပြီး မိမိ၏ စိတ်ခံစားမှုကို ထိန်းသိမ်းတတ်ရန် အလွန်ပင်အရေးကြီးသည်ဟု ယုံကြည်ပါသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့သည် ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ ဦးသန့် ကွယ်လွန်သည့် ၄၅ နှစ်ပြည့် နှစ်ပတ်လည် ဖြစ်ပါသည်။ ယခင်က ဦးသန့်နေအိမ်ပြတိုက်တွင်သာ ပြသထားသည့် သူ၏ဘဝနှင့် လုပ်ဆောင်ချက်များ အကြောင်း မှတ်တမ်းရုပ်ရှင်ကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

Source : UThant

No comments

Powered by Blogger.