Header Ads

Header ADS

တရုတ်နိုင်ငံမှာ‌ရောက်ရှိနေတဲ့ မြန်မာကျောင်းသားတွေ နေရပ်ပြန်လိုက သံရုံးကိုဆက်သွယ်နိုင်


တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားလာတဲ့ နိုဗာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကြေညာပြီးတဲ့နောက် တရုတ်နိုင်ငံ၊ ပြည်နယ်အသီးသီးက အချို့သောတက္ကသိုလ်တွေကို ရက်အကန့်အသတ်မရှိ ထပ်မံတိုးမြှင့်ပိတ်လိုက်တာကြောင့် အစိုးရပညာတော်သင်မြန်မာကျောင်းသားတွေအနေနဲ့ နေရပ်ပြန်လိုက မြန်မာသံရုံး ပညာရေးဆိုင်ရာ အီးမေးလ်ကို လျှောက်လွှာပေးပို့နိုင်တယ်လို့ ပေကျင်းမြို့၊ မြန်မာသံရုံးက ဒီကနေ့ထုတ်ပြန်ပါတယ်။ 

မြန်မာသံရုံး ပညာရေးအီးမေးလ် education.mebj@qq.com ကို ပေးပို့လာတဲ့ လျှောက်လွှာတွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် သက်ဆိုင်ရာ ရုံး၊ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းအသီးသီးသို့ အချိန်နဲ့တပြေးညီ ဆက်သွယ်ပေးပို့ တင်ပြပေးလျှက်ရှိပြီး၊ ခွင့်ပြုချက်ရရှိလာပါက ကျောင်းသား၊ ကျောင်းသူတွေထံကို အချိန်နဲ့တပြေးညီအကြောင်းပြန်ပေးနေတယ်လို့ ဆိုပါတယ်။ အဲဒီလိုခွင့်ပြန်ကြရာမှာ သက်ဆိုင်ရာတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနနဲ့ မိမိ Supervisor ကို အသိပေးခွင့်ပြုချက်ယူပြီးမှ နေရပ်ပြန်ကြဖို့ အကြံပြုထားပါတယ်။ 

ဒီကနေ့ည ၈နာရီခွဲ BNO သတင်းတစ်ပုဒ်အရ တရုတ်ပြည်မကြီးမှာ နိုဗာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၉၇၈၀ဦးထိ ရှိလာခဲ့ပြီး၊ ၂၁၃ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒါအပြင် စိုးရိမ်ရသူ ၁၅၂၇ ဦး၊ ကုသပျောက်ကင်းသူ ၁၇၁ဦးနဲ့ သံသယရှိလူနာ တစ်သောင်းခွဲကျော်ရှိတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။


No comments

Powered by Blogger.